ကျောက်ဆည် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် အမှတ်(၈)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ဇွန်(၁၇)ရက်နံနက်(၁၀)နာရီခွဲက ကျောင်းသား/ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်အေးဆွေက ကျောင်းသား/ကျောင်းသူများအနေဖြင့် လိမ္မာယဉ်ကျေးသောကျောင်းသား/ကျောင်းသူများအဖြစ် ဘဝတစ်လျောက်တွင်နေထိုင်သွား ကြစေလိုကြောင်းပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက စာအုပ်၊စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝစေပြီး၊ စဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရင့်သန်လာမှာဖြစ်ကြောင်းနှင့် ခရိုင်ပြည်သူ့စာကြည်တိုက်တွင် မိမိတို့ ကြိုက်နှစ်သက်သည့် စာအုပ်များ အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်ပြီး ဒုတိယဦးစီးမှူး ဒေါ်မြမြမွန်က စာအုပ်၊စာပေများဖတ်လေ့လာခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာပြီး ဉာဏ်ရည်ဉာဏ်သွေးများပိုမိုထက်မြက်လာမှာဖြစ်ကြောင်း၊ နိုင်ငံနှင့်လူမျိုးအတွက် ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြတ်သော သားကောင်း/သမီးကောင်းများ ဖြစ်ကြစေလိုကြောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် ကျောင်းသား၊ကျောင်းသူများက ခရိုင်ပြန်ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့်စာအုပ်စာစောင်များ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)