မိုင်းလုံမြို့  လူထုအခြေပြုဗဟိုဌာန  (Community  Centre) ခန်းမ၌ ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်

မိုင်းလုံ ဇွန် ၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  မြို့နေပြည်သူများ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို  စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယမန်နေ့ကလူထုအခြေပြုဗဟိုဌာန  ( Community  Centre)  ခန်းမ၌  ကျန်းမာရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ သည်။

ရှေ့ဦးစွာ ဆွေးနွေးပွဲကိုစာရေးဆရာ ဒေါက်တာလှကြည် (အာဟာရဆရာဝန်ကြီး)၏ “ဆီးချိုသွေးချိုရောဂါနှင့် မြန်မာဓလေ့အစားအစာ” စာအုပ်ပါ အကြောင်းအရာများကိုအခြေခံပြီးစတင်‌ ‌‌ ဆွေးနွေးရာ စာအုပ်ပါအချက်အလက်များ နှင့်သက်ဆိုင်သောအကြောင်းအရာများ၊ အခြားမိမိတို့သိရှိထားသော ကျန်းမာရေးဗဟုသုတများကို အပြန်အလှန်ဆွေးနွေးကြရာ (Book Club) အသင်းမှ နန်းသီတာက သွေးချိုတက်လွန်ခြင်း၊ ကျလွန်ခြင်းတို့ မဖြစ်အောင် ထိန်းသိမ်းစားသောက်ခြင်း၊  ဒေါ်စုစုဝင်းမှ အာဟာရစုံလင် ပြည့်ဝမျှတအောင် စားသောက်ခြင်း သည် ကျန်းမာရေးအတွက် အကျိုးပြုကြောင်းကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေနွေးပွဲ တက်ရောက်လာသူများကလည်း ယခုလို ကျန်းမာရေးဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်၍ ဆောင်ရွက်ပေးရာ မိမိတို့သိသည့် အသိများကို မိတ်ဆွေအချင်းချင်း ဖလှယ်နိုင်ပြီး ကျန်းမာရေးအသိများ တိုးသောကြောင့် ကျေးဇူးတင်စကား‌ ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)