လှည်းကူး ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုများ ရရှိတိုးပွားစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ရိုက်ကူး တင်ဆက်ပေးလျက်ရှိရာ ယနေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် မြို့နယ် စာရေးဆရာအသင်း တို့ပူးပေါင်းပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်ကြောင်းသိရသည်။ ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လှည်းကူးမြို့နယ် စာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က မူးယစ်ဆေးဝါးစတင် ပေါ်ပေါက်လာပုံ၊ မြန်မာနိုင်ငံသို့ မူးယစ်ဆေးဝါး ရောက်ရှိလာသော အကြောင်းများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများ၊ ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးနှင့် ပက်သက်သည့် ရှောင်ရန်အချက်များ၊ နိုင်ငံတော်မှ မူးယစ်ဆေးဝါးများနှင့်ပက်သက်၍ ကာကွယ်တားဆီးနေမှုများနှင့် အသိပညာပေးဆောင်ရွက်နေမှု များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)