စဉ့်ကူး ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း ၂၉ ဒဿမ ၈၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန (၅) ခု၌ ကျောင်းသား၊ ကျောင်းသူ (၃၆၉) ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၁၁၀) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၂၉ ဒဿမ ၈၁ရာခိုင်နှုန်းရှိကာ (၁) ဘာသာ ဂုဏ်ထူး (၂၄) ဦး၊ (၂) ဘာသာဂုဏ်ထူး (၁) ဦး၊ (၃) ဘာသာဂုဏ်ထူး (၁) ဦး၊ စုစုပေါင်း ကျောင်း သား၊ ကျောင်းသူ (၂၆) ဦး ဂုဏ်ထူးရရှိခဲ့ကာ ရိုးရိုးအောင်မြင်သူ (၈၄)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။
တင်ဇာလွင် (ပြန်/ဆက်)