မိုင်းလုံ ဇွန် ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မတ်လ ၃၀ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၄၃)ဦးရှိရာ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ကျောက်မဲမြို့နယ်တွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
မိုင်းလုံမြို့၌ ၂၀၂၁-၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ(၄၃)ဦးရှိရာ စာမေးပွဲဖြေဆိုအောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးတွင် ဇီဝဗေဒ ဘာသာရပ်တွင် ဂုဏ်ထူးပါရှိသူ(၁)ဦး၊ ဘောဂဗေဒ ဘာသာရပ်တွင်ဂုဏ်ထူးပါရှိသူ (၄)ဦး၊ ရိုးရိုးအောင်မြင်သူ (၈)ဦးရှိသဖြင့် အောင်ချက်ရာခိုင်နှုန်းမှာ (၃၈)ရာခိုင်နှုန်း အောင်မြင် ကြောင်းကို မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း ဆရာမကြီး ဒေါ်နန်းစံလောင်ထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)