မိုင်းခုတ် ဇွန် ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ စာဖတ်သည့် အလေ့အထရရှိစေရန်၊ စာပေမှရရှိသော ဗဟုသုတများဖြင့် အသိဉာဏ်ပညာကြီးမားကာ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မအားလပ်သဖြင့် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များအတွက် လက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ အပတ်စဉ်ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ဝမ်ကတ်ကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ ဝန်ထမ်းများက ဝမ်ကတ်ကျေးရွာအတွင်းရှိ ယခင်အပတ် ငှားရမ်းထားသော စာဖတ်ပရိသတ်များထံမှ စာအုပ် စာစောင်များအပ်နှံမှုကို လက်ခံကာ စာအုပ်အသစ်များ ထပ်မံငှားရမ်းပေးခြင်းနှင့် အသစ်ငှားရမ်းမည့် စာဖတ်ပရိသတ်များအား စာကြည့်တိုက်အသင်းဝင်အဖြစ် လက်ခံမှတ်တမ်းရေး သွင်းကာ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေ စဉ်ကာလအတွင်း စာကြည့်တိုက်သို့မလာနိုင်သည့် စာဖတ်ပရိတ်သတ်များနှင့် ကလေးငယ်များ အတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်းနှင့် အသိပညာပေး Talk Show အစီအစဉ် များရိုက်ကူးကာ We Love Mong Khoke Facebook Page နှင့် မိုင်းခုတ်မြို့ ပြည်သူ့စာကြည့်တိုက် Facebook Page တွင် တင်ဆက်ပေးလျက်ရှိသည့်အပြင် အပတ်စဉ် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းကာ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)