မိတ္ထီလာ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကန်ဦးစံပြကျေးရွာအနီးရှိ မွေးမြူရေးအသုံးချ သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်း) တွင် ထွန်စက်ကြီးနှင့် ချိတ်ဆွဲမောင်းနှင်သည့် လေဖိအားသုံးမျိုးစေ့ချကိရိယာ (Pneumatic Seed Drill) ဖြင့် တိရစ္ဆာန်အစာနှံစားပြောင်း စိုက်ပျိုးခြင်းလုပ်ငန်းကို ယမန်နေ့က ဒေသခံတောင်သူများ လာရောက်လေ့လာခဲ့ကြောင်း သိရသည်။
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်း၍ ထွန်စက်ကြီးနှင့် ချိတ်ဆွဲမောင်းနှင်သည့် လေဖိအားသုံး မျိုးစေ့ချကိရိယာ (Pneumatic Seed Drill) ဖြင့် မွေးမြူရေးအသုံးချ သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံ (သဖန်း) တွင် တိရစ္ဆာန်အစာနှံစားပြောင်း စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ထွန်စက်ကြီးနှင့် ချိတ်ဆွဲမောင်းနှင်သည့် လေဖိအားသုံးမျိုးစေ့ချကိရိယာ (Pneumatic Seed Drill) ဖြင့် တိရစ္ဆာန်အစာနှံစားပြောင်း စိုက်ပျိုးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာသို့ ဒေသခံတောင်သူများက လာရောက်လေ့လာခဲ့ကြသည်။ ယင်းသို့ လာရောက်လေ့လာသော ဒေသခံတောင်သူများအား စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦတင်မောင်မြင့်က ထွန်စက်ကြီးနှင့် ချိတ်ဆွဲမောင်းနှင်သည့် လေဖိအားသုံးမျိုးစေ့ချ ကိရိယာ (Pneumatic Seed Drill) ဖြင့် ဝါသီးနှံ၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံနှင့် မြေပဲသီးနှံများကို စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးရာတွင်လည်း မျိုးစေ့လေလွင့်မှုမရှိပဲ မျိုးစေ့ကုန်ကျမှုနှင့် အချိန်ကုန်သက်သာစေပြီး စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာကြောင်း ရှင်းပြခဲ့ကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)