ပြည်ကြီးတံခွန် ဇွန် ၁၇
မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က ပြည်ကြီးတံခွန် မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတို့တွင်ကပ်နှံထားရာကျောင်းသား၊ကျောင်းသူများနှင့် မိဘဆွေမျိုးများ လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာနတစ်ခုမှ ကျောင်းသား၊ကျောင်းသူ (၃၈၆)ဦး ဝင်ရောက်ဖြေဆိုရာ ကျောင်းသား၊ ကျောင်းသူ(၁၃၇)ဦးအောင်မြင်ကာ (၅)ဘာသာဂုဏ်ထူးရှင် (၁)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၂) ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၄)ဦး၊(၁)ဂုဏ်ထူးရှင် (၂၈)ဦး၊ ရိုးရိုးအောင်မြင်သူ (၁၀၀)ဦးရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ ၃၅.၄၉ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှုးရုံးမှ သိရသည်။
ခရိုင်(ပြန်/ဆက်)