​​ကော့ကရိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်​​​ ​အောင်စာရင်းများကို သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာ​ရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာ

ကော့ကရိတ် ဇွန် ၁၇

ပညာ​ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၁-‌၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်း​အောင်စာရင်းများကို မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် ယနေ့၌ ထုတ်ပြန်​ကြေငြာ​ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ ​ကော့ကရိတ်ခရိုင်၊ ​ကော့ကရိတ်မြို့တွင်  တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ယ​နေ့နံနက်ပိုင်းမှစ၍ သတ်မှတ်ထား​သော​နေရာတို့တွင် ​​ကြေညာထား လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းကို မြို့နယ်ပညာ​ရေးမှူးရုံး၊ အထက ()​ ကော့ကရိတ်၊ အထက (ကျုံဒိုး)၊ အထက(နဘူး)၊ အထက (​ကော့ဘိန်း) တို့၌ ကြေငြာထားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက အေးချမ်းစွာလာရောက်ကြည့်ရှုကြ​ကြောင်းသိရသည်။

​ကော့ကရိတ်မြို့နယ်အတွင်းတွင် ၂၀၂၁-‌၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ (၈၀၅) ဦး၊ ပြင်ပမှ​​ဖြေဆိုသူ (၂၁၈) ဦး၊ စုစုပေါင်း (၁၀၂၃) ဦးရှိပြီး  ကျောင်းမှ​ ဖြေဆိုသူ (၃၂၆) ဦး၊ ပြင်ပမှ​ဖြေဆိုသူ (၁၃၂) ဦး၊ စုစု​ပေါင်း (၄၅၈) ဦး အောင်မြင်ခဲ့​ကြောင်းနှင့် တစ်ဘာသာဂုဏ်ထူးရရှိသူ (၁၃၇) ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ (၁၅) ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ(၄)ဦး၊​လေးဘာသာဂုဏ်ထူးရှင် () ဦး၊ ငါးဘာသာဂုဏ်ထူးရှင် () ဦး၊ စုစု​ပေါင်းဂုဏ်ထူးရရှိသူ (၁၅၉) ဦး၊ ရိုးရိုးအောင်(၂၉၉)ဦး၊ စုစုပေါင်းအောင်မြင်သူ (၄၅၈) ဦး အောင်ချက် ရာခိုင်နှုန်း (၄၄.၇၇) ရာခိုင်နှုန်းရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ခင်မျိုးဝင်း (ပြန်/ဆက်)