ကျိုက်လတ် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၅)ခုမှ ဝင်ရောက်ဖြေဆိုသူ (၁၁၅၆)ဦးရှိပြီး အောင်မြင်သူ (၆၀၀)ဦးရှိသဖြင့် (၅၁.၉၀) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် (၆)နာရီ၌ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးထားသဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ မိဘဆွေမျိုးများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာန(၅)ခုမှ ဖြေဆိုရန် စာရင်းရှိ (၁၂၈၄)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၁၅၆)ဦး၊ အောင်မြင်သူ (၆၀၀)ဦးရှိပြီး (၅)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၅၅)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၇၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၀၉)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၅၁)ဦးရှိကြောင်း သိရသည်။
ရီရီမြင့်