တောင်တွင်းကြီး ဇွန် ၁၆
ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုအပိုဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မူနည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ကင်ပွန်းတောင်ကျေးရွာအုပ်စု၊ ကသာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိုးနိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှသောင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခုတ်မွန်းလျန်က သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် လူသုံးကုန်ပစ္စည်းဖြစ်သည့်အဝတ်လျှော်ဆပ်ပြာဆီ၊ ပုဂံဆေးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ သဘာဝခေါင်းလှျာ်ရည်၊ shampoo၊ မှန်ကြည်ဆေး၊ ရေမလိုလက်သန့်ဆေး၊ ဆပ်ပြာခရင်မ်၊ အောင်မဲညိုဆပ်ပြာခဲ၊ ရှားစောင်းလက်ပတ်ဆပ်ပြာ၊ ကော်ဖီဆပ်ပြာ၊ ပျားနနွင်းဆပ်ပြာ၊ ဆန်ဆပ်ပြာ၊ သစ်ခွဆပ်ပြာစသည့် ဆပ်ပြာပြုလုပ်နည်း အဆင့်ဆင့်တို့ကို စာတွေ့၊ လက်တွေ့များဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပြီး ကသာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလ (၅)ရက်ကြာ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုရွှေစင်ထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)