အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား/သူ (၂၀၄၁၅)ဦးထိုးနှံပြီးဖြစ်

အိမ်မဲ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ (၁၂)အတွင်းရှိ ကျောင်းသား/သူများကို ဇွန်လ ၂ ရက်နေ့မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ၂၀၄၁၅ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများထိုးနှံမှုများကို အိမ်မဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ ထိုးနှံပေးခဲ့ရာ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းသား/ သူ လျာထား (၂၃၄၈၅)ဦးရှိပြီး၊ ထိုးနှံပြီးသူ (၂၀၄၁၅)ဦးရှိ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံနိုင်မှုရာခိုင်နှုန်း (၈၆.၉၂)ရှိပြီး ဆေးထိုးရန် ကျန်ရှိသူ (၃၀၇၀)ဦးရှိကြောင်း သိရသည်။

ချစ်သက်လယ်(ပြန်/ဆက်)