ဟုမ္မလင်း စက်တင်ဘာ ၇
စိုက်ပျိုးရေးသုတေသနဦးစီးဌာန ( DAR )နှင့် ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ( DOA ) တို့ ပူးပေါင်းဆောင်ရွက်သည့် ရေမြုပ်ခံ စပါးမျိုးစမ်းသပ်ကွက်ကို ယမန်နေ့ နံနက် ၈ နာရီတွင် ဟုမ္မလင်းမြို့နယ် ၊ နားနုံး-ပါမလုံကွင်း၌ ကွင်းတာဝန်ခံ လက် ထောက် ဦးစီးမှူး ဦးယောထန်နှင့် ဒုလက်ထောက် ဦးစီးမှူးများ ၊ စိုက်ပျိုးရေး ဦးစီး ဌာနဝန်ထမ်းများက ကွင်းဆင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ချင်းတွင်းမြစ်ရေကြီးခြင်း ၊ ခေါင်ခမ်းအင်းရေတက်ခြင်းတို့ကြောင့် ရေမြုပ်နိုင်မည့် နားနုံး-ပါမလုံကွင်း တောင်သူ ဦးမောင်ဆောင်းလယ်၌ ရေမြုပ်ခံစပါးမျိုး ( ၆ ) မျိုးအား စမ်းသပ်စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
လင်းလင်း ( ပြန်/ဆက် )