သာပေါင်း ဇွန် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၂)ဦး ကျော်တိုး၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းအောင်တို့မှ လုံခြုံရေးသတိရှိရန်၊ အပတ်စဉ် သောကြာနေ့ သန့်ရှင်းရေးဆောင်ရွက်ပြီး Viber Group တွင် ပေးပို့တင်ပြရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့တွင် ပါဝင်သည့် ဌာနများ ပူးပေါင်းဆောင်ရွက်ရန်၊ ကျူးကျော်ရှင်းလင်းရေး (လမ်းဦးစီး)အဖွဲ့ ကွင်းဆင်းဆောင်ရွက်ရန်၊ လယ်ယာမြေ အခြားနည်းအသုံးပြုမှု လယ်စီအင်းဌာနမှ စိစစ်ဆောင်ရွက်တင်ပြရန်၊ စာသင်ကျောင်းများ ဓနိမိုး၊ ထရံကာကျောင်းရှိနေသေးသဖြင့် ပညာရေးဌာနမှ တင်ပြဆောင်ရွက်ရန်၊ ပညာရေး၊ ကျန်းမာရေးသေချာစွာ ဂရုတစိုက် ဆောင်ရွက်ပေးရန်၊ သ/မကြွေးကျန်ကောက်ယူရေးအဖွဲ့ ဖွဲ့စည်းပြီးဖြစ်၍ အောက်ခြေအထိ ကွင်းဆင်းဆောင်ရွက် ပေးရန်၊ ထော်လာဂျီ၊ မော်တော်ဆိုင်ကယ် without များ ရှိနေသဖြင့် စီမံချက်ဆောင်ရွက်ရန်တို့ကို အသေးစိတ်မှာကြားပြီး ပြန်လည်ဆွေးနွေးတင်ပြမှုများအား ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်