ကြံခင်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များရှိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၃၅)ဦးအား ယနေ့ နံနက် ၉ နာရီအချိန်က ရွှေပြည်အေး (၁၁)ထပ်ဘုရား ဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် (Sinopharm ) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ကျ ကျန်းမာရေးနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူ (၃၅)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသော အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများ ကာကွယ်ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊ ဘေးထွက်ဆိုးကျိုး လက္ခဏာများ ဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှုစောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)