ကြံခင်းမြို့နယ် (အ.လ.က)ချောင်းခွကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကြံခင်း ဇွန် ၁၆

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ အားကစားနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်ပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက (အ.လ.က)ချောင်းခွ ကျောင်းဝန်းအတွင်း ကျင်းပ ပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (နည်းစနစ်မှူး) ဒေါ်ခင်မိုးဝါက အားကစားတွင် ထူးချွန်သောလူငယ်များ ပေါ်ထွက်လာစေရေး၊ ကိုယ်ကာယ ကြံ့ခိုင်ဖွံ့ဖြိုးမည့် အားကစားနည်းဆိုင်ရာများကို အသိပညာပေး ဟောပြောပြီးနောက်  (အ. လ က) ချောင်းခွကျောင်းအုပ်ဆရာမ ဒေါ်အေးအေးမင်းအား အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာဟောပြောပွဲသို့ (အ.လ.က)ချောင်းခွ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၂၇၅)ဦး တတ်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)