မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချောင်းဆုံ စက်တင်ဘာ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်ချောင်းဆုံမြို့နယ်တွင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ဘ၀ လုံခြုံမှုဘေးကင်းစေရေးနှင့် လူနေမှုအဆင့်အတန်းအမျိုးသမီးများ၏အခွင့်အရေးနှင့် ပတ်သက် ၍ ဆုံးရှုံးမှု မရှိစေရေးအတွက်ယနေ့နံနက် (၁၀)နာရီခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီဌာနရုံး အစည်းအဝေးခန်းမတွင် အမျိုးသမီးကော်မတီအဖွဲ့ဝင်နှင့်နွေးထွေးသော ရင်ခွင်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ် အမျိုးသမီးကော်မတီဥက္ကဋ္ဌကိုယ်စားဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်က အမျိုးသမီးတွေရဲ့အခွင့်အရေးနှင့်ပတ်သက်သည့် လုပ်ငန်းတာဝန် အချက် (၁၆) ချက်အား ရှင်းလင်းခြင်း၊ မြို့နယ်အမျိုးသမီးကော်မတီအတွင်းရေးမှူး လူမှုဝန် ထမ်းမူကြို ကျောင်း မှကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူငြိမ်းက ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အားရှင်းလင်း ခြင်း၊အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရန် သက်ငယ်မုဒိမ်းမှု လျော့နည်းစေရေး အမျိုးသမီးများနှင့်ပတ်သက်သည့်အမှု ကိစ္စများရင်ဆိုင် ဖြေရှင်းရာတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပူးပေါင်း ဆောင်ရွက်မှုအခြေအနေကို ဆွေးနွေးတင်ပြ သည်။

ဆက်လက်ပြီး NGO အဖွဲ့အစည်းနွေးထွေးသောရင်ခွင်မှစီမံချက်မန်နေဂျာ ဦးဇော်မိုးအောင်က အဖွဲ့အစည်း၏အနာဂတ်မျှော်မှန်းချက်၊ရည်ရွယ်ချက်၊လုပ်ငန်းတာဝန်၊ကျား/မတန်းတူညီမျှရေးနှင့်အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်၊ (CARE-GEWEP)၏ ဦးစားပေးကဏ္ဍများရေရှည်မျှော်မှန်း သည့် ပန်းတိုင်ပြောင်းလဲမှု ဖော်ဆောင် မည့် လမ်းကြောင်းများစသည့် အချက်များအားအသေးစိတ် ရှင်းလင်းပြောကြားပြီး နွေးထွေး သောရင်ခွင်မှ တာဝန်ရှိသူဒေါ်ဝင်းဝင်းချမ်းမြေ့အောင်က အမျိုးသမီး ငယ်များအကြမ်း ဖက်မှုနှင့် ပတ်သက်ပြီးရင်ဆိုင်ခံစားနေရသည့်ကိစ္စများနှင့် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့် အလမ်းရရှိ စေရေးဆွေးနွေးသည်။

ထို့နောက်တက်ရောက်လာသည့်မြို့နယ်ကော်မတီဝင်များမှမြို့နယ်အတွင်းရှေ့ဆက်ဆောင်ရွက် မည့်အစီအမံများအားအပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထူးအိမ်(ပြန်/ဆက်)