တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ကျင်းပ

မြင်းမူ ဇွန် ၁၅

တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာ Talk Show အသိပညာပေး Online Talking ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့တွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ဒုတိယဦးစီးမှူး ဒေါ်မြင်မြင့်မိုးက တိုင်းရင်းဆေးပညာဖြင့် ပြည်သူများ၏ ကျန်းမာ‌ရေးကို မည်သို့စောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် တိုင်းရင်းဆေးထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမှုများအား ပြည်သူများသိရှိစေရေး တင်ပြဆေးနွေးပေးရေးအတွက် ဖိတ်ခေါ်သည်။

ယင်းနောက် တိုင်းရင်းဆေးဆရာမဒေါ်အေးမိုးမြင့်အောင်က သမိုင်းအစဉ်အလာကြီးမားသည့် မြန်မာ့တိုင်းရင်းဆေးကို  သမားတော်ကြီးများထံမှ လက်ဆင့်ကမ်းရယူခဲ့ပြီး ယခုအခါ တိုင်ရင်းဆေးသုတေသနဦးစီးဌာနမှ ဆေးဝါးထုတ်လုပ်မှုများကို    စစ်ဆေးကြပ်မတ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုများခေတ်မီလာပြီး ယုံကြည်စိတ်ချရသည်နှင့်အညီ တိုင်းရင်းဆေးသုံးစွဲမှု များပြားလာသည်သာမက   ပြည်ပနိုင်ငံများသို့ပါ တင်ပို့ရောင်းချလျက်ရှိမှုများ၊ မိမိတို့တိုင်းရင်းဆေးရုံတွင်လည်း လူမျိုး/ဘာသာမရွေးကို ဆေးဝါးများကုသပေးလျက်ရှိကြောင်း၊ အဓိကရောဂါများဖြစ်သည့် နာတာရှည်ရောဂါများဖြစ်သော လေငန်း/ထုံနာ/ကျင်နာရောဂါသည်များ လာရောက်ကုသလျက်ရှိနေမှုများအား  ရှင်းလင်းတင်ပြ ဆွေးနွေးပေးခဲ့သည်။

မြင်းမူမြို့နယ် ပြည်သူ့စာကြည့်တိုက်အနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတများရရှိစေရေးအတွက် Talk Show အသိပညာပေးများကို အပါတ်စဉ်   ပုံမှန်တင်ဆက် ပေးလျက်ရှိသည်။

အောင်စိုးဖေ (မြင်းမူ)