ရွှေတောင်မြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် လမ်းသွားလမ်းလာ ပြည်သူ များအား နှာခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းများ ပုံမှန်ဆောင်ရွက်

ရွှေတောင် စက်တင်ဘာ ၇

ပြည်ခရိုင် ရွှေတောင် မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွား လမ်းလာ ပြည်သူများအား နှာခေါင်းစည်း (mask) များ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး  ဆောင်ရွက်ခြင်း၊ တပ်ဆင်မှုမရှိပါက နှာခေါင်းစည်း (mask)နှစ်ခုလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ လိုက်လံ စစ်ဆေးမှုများကို လူစည်ကားရာနေရာဖြစ်သည့် ပြည်-ရန်ကုန်လမ်း တည်ကုန်းတာလမ်း ကားဂိတ်၊ ဘုရားနီးကားဂိတ်နှင့် ရွှေတောင်မြို့မစျေး လမ်းဆုံလမ်းခွတို့တွင် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုရှိရေး လှုပ်ရှားဆောင်ရွက်မှုကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ ပူးပေါင်း၍ မဖြစ်မနေ ခရီးသွားလာ နေကြသည့် ပြည်သူများ၊ လမ်းသွားလမ်းလာများ၊ စျေးရောင်းစျေးဝယ်သူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိကို အထူးကြပ်မတ် စစ်ဆးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)