သာယာဝတီ ဇွန် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ရန်ကုန်-ပြည်လမ်းရှိ ဇောတိကမုန့်စျေးဆိုင်တွင် စျေးရောင်းချသူများအား ပြည်သူများ အစားအသောက် ဘေးကင်းလုံခြုံရေးအတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
ယင်းသို့ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက မုန့်စျေးတန်း ရောင်းချနေသည့် စျေးဆိုင်ခန်းများတွင် ရောင်းချလျက်ရှိသော အစားအသောက်များအား ကုန်ညွှန်းအမှတ်အသားများ နှင့်အညီ ရောင်းချခြင်းရှိ၊မရှိ ကျန်းမာရေးနှင့် ညီညွတ်သော လတ်ဆတ်သည့်အစားအစာများ ရောင်းချခြင်းရှိ၊ မရှိတို့ကိုစစ်ဆေးပြီး သတ်မှတ်ထားသော ကုန်ညွှန်းအမှတ်အသားပါသည့် အစားအသောက်များရောင်းချရန် အသိပညာပေး ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)