ချောင်းသာမြို့တွင်း၊ မြို့ပြင်နှင့် ကမ်းရိုးတန်း လုံခြုံရေးလုပ်ငန်းများအား နေ့/ည မပြတ် ပူးပေါင်း ဆောင်ရွက်

ချောင်းသာ  စက်တင်ဘာ ၇

ချောင်းသာမြို့တွင်း၊ မြို့ပြင်နှင့် ချောင်းသာမြို့အပိုင် ဧရိယာအတွင်း ကမ်းရိုးတန်းတစ်လျှေက် လုံခြုံရေး လုပ်ငန်းများကို ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဌာနဆိုင်ရာများ၊ NGO အဖွဲ့ အစည်းများမှ နေ့/ည မပြတ် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေလုံခြုံရေးကိစ္စရပ်များနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအတွက် မြို့အဝင်ဂိတ် သတ်မှတ်၍ နေ့/ည မပြတ် ကားအဝင်အထွက်၊ ဆိုင်ကယ်အဝင် အထွက်များကို သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ စစ်ဆေး ဆောင်ရွက်ခြင်း၊ မသင်္ကာစရာ လူအဝင်အထွက်များအား စစ်ဆေးခြင်း၊ ကမ်းရိုးတန်း တစ်လျှေက် လှည့်ကင်းများဖြင့် စက်လှေ အဝင်အထွက်များအား စစ်ဆေးခြင်း၊ ပင်လယ်ပြင်တွင် မသင်္ကာစရာ စက်လှေများ တွေ့ရှိလျှင် သော်လည်းကောင်း၊ သတင်းရရှိလျှင်သော်လည်းကောင်း ပူးပေါင်းအဖွဲ့မှ အမြန်းဆုံး သွားရောက် စစ်ဆေးပြီး လိုအပ်သလို ဆောင်ရွက်ခြင်းဖြင့် ကမ်းရိုးတန်း လုံခြုံရေး လုပ်ငန်းများကို နေ့/ည မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို ချောင်းသာမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
 

ကိုကိုမောင် ပြန်/ဆက်