ဆင်ပေါင်ဝဲမြို့တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ကျောက်ရိုးစီရေမြောင်း ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

ဆင်ပေါင်ဝဲ စက်တင်ဘာ  ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်၊ တိုင်း ဒေသကြီးခွင့်ပြုရံပုံငွေဖြင့် လမ်းမတော်လမ်း(အမှတ်-၂လမ်းဆုံမှအမှတ်-၇လမ်းဆုံထိ)ကျောက်ရိုးစီရေမြောင်းဆောင်ရွက်မှု ရာနှုန်းပြည့် ပြီးစီးကြောင်း သိရှိရသည်။

အဆိုပါ ကျောက်ရိုးစီရေမြောင်းမှာ အရှည် (၄၉၀)ပေ၊ အကျယ်(၃)ပေ၊ အနက်(၃)ပေရှိပြီး ငွေ ကျပ်သိန်း(၂၇၀)ဖြင့်၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လမှ စတင်‌ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိ ဦးစောသိန်းဦးထံမှ သိရှိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)