အင်္ဂပူ စက်တင်ဘာ ၇
အင်္ဂပူမြို့၊ ကံ့ကော်လမ်းလမ်းတွင် မှုခင်းကျဆင်းရေ အသိပညာပေး ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
အဆိုပါ မှုခင်းကျဆင်းရေး အသိပညာပေး ပိုစတာစိုက်ထူရာသို့ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူး ရဲဝင်း၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ပြီး ပြည်သူများအနေဖြင့် မှုခင်းနှင့်ပတ်သက်သော အသိပညာ ဗဟုသုတများရရှိစေရန်နှင့် မှုခင်းများဖြစ်ပွာမှု လျော့ကျစေရေးအတွက် ပြည်သူများပူး ပေါင်းဆောင်ရွက်စေရေးအတွက် ရယ်ရွယ်၍ ယခုလို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)