မြို့သစ် ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသား တို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်မှ မြို့နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များရရှိစေရေး၊ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ရန်ပုံငွေရှာဖွေရေးနှင့် ပြိုင််ပွဲဝင်များအတွက် လိုအပ်သည်များ ကူညီနိုင်ရေးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သဘင်အစည်းအရုံးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြိုင်ပွဲဝင်များရွေးချယ်စိစစ်ရေး၊ ရန်ပုံငွေရှာဖွေရေးနှင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာပါဝင်ယှဉ်ပြိုင်နိုင်ရေး လိုအပ်သည်များာ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)