အင်္ဂပူ ဇွန် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ သမိုင်းဝင်ရွှေဆံ တော်စေတီမြတ်ကြီးတွင် ယနေ့ (နယုန်လပြည့်) နေ့ နံနက်ပိုင်းက ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်ခဲ့သည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူခြင်းကို အင်္ဂပူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မိုးနှင့် ဇနီး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ ပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းကြီးကျောင်း ၂၄ ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင် ကျောင်း ၆ ကျောင်းမှ သီလရှင် ဆရာကြီးများအား ဆွမ်းဆန်တော်များ လောင်းလှူခဲ့ပြီး အာရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
မန်းကျော်(အင်္ဂပူ-ပြန်/ဆက်)