ဖြူး ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် အများပြည်သူများ ဝယ်ယူစားသုံးသည့် စားသုံးဆီများရောင်းချသည့် အရောင်းဆိုင်များအား သတ်မှတ်စံညွှန်းနှင့်အညီ ရောင်းချမှုရှိ/မရှိ အခြေအနေကို ယနေ့နံနက်ပိုင်းက ဖြူးမြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင်များအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ဖြူးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဒေါ်သန္တာစိုးနှင့် ဝန်ထမ်းများက စားသုံးဆီရောင်းချသည့် ဆိုင်များအနေဖြင့် ပဲဆီ၊ ပဲစပ်ဆီများရောင်းချရာတွင် အမျိုးအစားမှန်ကန်မှုရှိ/မရှိ၊ အမှတ်တံဆိပ်ရှိ/မရှိ၊ ထုတ်လုပ်ခွင့်လိုင်စင်၊ ကုန်အညွှန်းအမှတ်အသားရှိ/မရှိ အခြေအနေများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)