မြို့သစ် ဇွန် ၁၃
မကွေးခရိုင်၊မြို့သစ်မြို့နယ်လေးတိုင်စင်အုပ်စုတွင် အဓိကစိုက်ပျိုးသီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ စသည်တို့ကို စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ယခုနှစ်မိုးဦးစတင်ရွာခဲ့သောမိုးသည် တောင်သူများအတွက် စိုက်ပျိုးရန်လုံလောက်သော အစိုဓာတ်ရရှိခဲ့၍ တောင်သူများဟာ နှမ်းများကိုစတင်စိုက်ပျိုးကြပြီး ယခုအခါနှမ်းများဟာ အထူးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
မြို့သစ်မြို့နယ်မှာဆိုရင် မိမိတို့စိုက်ပျိုးထားသောသီးနှံများ ယခုနှစ်တွင် မိုးစေားစီးစွာကျရောက်သောကြောင့် တောင်သူများဟာနှမ်းများစတင်စိုက်ပျိုးကြပြီး ယခုအခါ နှမ်းပင်များမှာ အထူးကောင်းမွန်လျက်ရှိသည်။ ယခုနှစ်အတွက် တောင်သူအများစုကတော့ နှမ်းရမည့်နှစ်ဟု ထင်မြင်ရကြောင်း တောင်သူအများစုက ခန့်မှန်းထားကြသည်ဟု သိရသည်။ ယခုနှစ်မှာဆို နှမ်းခင်းအများစုဟာ ယခင်နှစ်များနဲ့မတူ အထူးကောင်းမွန်ပြီး တောင်သူများအားရကျေနပ်ရသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း နှမ်းစိုက်တောင်သူများထံမှ သိရသည်။
ကိုဇော်(ပြန်/ဆက်)