ဂန့်ဂေါ ဇွန် ၁၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် မိုးရာသီ၌ ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်းများ၌ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဂန့်ဂေါမြို့နယ် ကျန်းမာရေးမှူး(၁) ဦးစန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က မြို့ပေါ်ရပ်ကွက်ရှိ စာသင်ကျောင်းများအားလုံးသို့ သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ခြင်ခိုအောင်းနိုင်သော ရေတွင်း၊ ရေကန်များ၊ ရေစီးဆင်းမှုမရှိသည့် ရေမြောင်းများထဲသို့ အဘိတ်ဆေးခတ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင် (ဂန့်ဂေါ)