မင်းပြား ဇွန် ၁၀
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၃)တွင် အသိပညာပေးဟောပြောပွဲကို ဇွန် ၁၀ ရက် နံနက် ၉ နာရီအချိန်က မင်းပြားမြို့ရှိ အဆိုပါသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မင်းပြားမြိုနယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူး ဝင်းဌေးက လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများနှင့်နောက်ဆက်တွဲ ဆိုးကျိုးများ၊ မြို့နယ်ကျန်းမာရေးဌာနမှူး ဒေါက်တာ နေဝင်းထွန်းက သွေးလွန်တုတ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောခြင်း၊မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလူမော်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြိမ်းသတ်လက်တွေ့သရုပ်ပြသခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သောင်းရွှေက သတင်းအမှားအမှန် ခွဲခြားသုံးသပ်နိုင်ရေး၊ ဆိုရှယ်မီဒီယာ အသုံးပြုရာတွင်ရှောင်ရန်၊ ဆောင်ရန် ခေါင်းစဉ်အသီးသီးများဖြင့် အသိပညာပေးဟောပြောကြသည်။
အသိပညာပေးဟောပြောပွဲသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ဆရာမကြီး ဒေါ်ဇင်မီမီစံနှင့် ဒုကျောင်းအုပ်၊ သင်တန်းနည်းပြဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ် (၃) သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းနုအောင်