သဲကုန်း ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်ပြန်/ဆက် ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ သန်းထွန်း(စကု) ရေးသားသော “အရှက်နှင့်ကိုယ်ကျင့် သိက္ခာ” အတွေးအမြင်ရသဆောင်းပါးများ စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက မိတ်ဆက်စကားပြောကြားပြီး စာဖတ်ဝိုင်းကို စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများ မပျောက်ပျက်စေရန်၊ စာပေကို ချစ်မြတ်နိုးသူများ အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် လူငယ်များနှင့်ပြည်သူများ အသိအမြင် ဗဟုသုတများ ဖလှယ်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းရရှိစေရန် ရည်ရွယ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးသန်းထွန်း(စကု)ရေးသားသော “အရှက်နှင့်ကိုယ်ကျင့်သိက္ခာ အတွေးအမြင်ဆောင်းပါးများ” စာအုပ်ကို စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)ဥက္ကဋ္ဌ ဦးသိန်းအောင် (သားငဘ)မှ အမေနှစ်ယောက်ရဲ့သံ၊ ဦးဆန်းမြင့်အောင်(ဆန်းမြင့်အောင်-သဲကုန်း)မှ “ကြိုးတန်းလျှောက်သမား၏ ခြေတစ်လှမ်း”၊ ဦးထက်ပိုင်မင်း(ကိုပိုင်-သဲကုန်း)မှနေရေး သေရေးနှင့်ခွဲရေး တွဲရေး၊" ဒေါ်မြင့်ကြည်(မြတ်စုဝေ)မှ အရှက်နှင့်ကိုယ်ကိင့်သိက္ခာ" စသည့်ဆောင်းပါးများကို အသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြသည်။
စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို သဲကုန်းမြို့နယ် (Book Club)အဖွဲ့ဝင် မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာများနှင့် မြို့နယ်ရုံးဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင့်နန္ဒာဌေး