ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင်  “အခက်အခဲနှင့်အောင်ပွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပေါက်ခေါင်း    ဇွန်    ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင်ယနေ့ နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များ စုပေါင်း၍ စာရေး ဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော အခက်အခဲနှင့်အောင်ပွဲ " စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ချစ်နှင်းသုန်က စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာပေမြတ်နိုးသူ အချင်းချင်းရင်းနှီးမှု ပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားသည်။

ဆက်လက်၍ စာပေချစ်မြတ်နိုးသူများအသင်း (Book Club )အဖွဲ့ဝင်ဦးဖြိုး‌မောင်မောင်က “ အခက်အခဲနှင့်အောင်ပွဲ” စာအုပ်ပါအကြောင်းအရာများကို ဦးဆောင်ဆွေးနွေးပြီး၊ တက်ရောက်လာသော အဖွဲ့ဝင်များကလည်း အသီးသီးအပြန်အလှန် ဆွေးနွေးကာ စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်စာ‌ ပေချစ်သူများ အဖွဲ့တို့ပူး‌ ပေါင်း၍တစ်လလျှင် တစ်ကြိမ်စာ ဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်