မင်းလှ ဇွန် ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စာရေးဆရာအသင်း၏ မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံအတွေ့အကြုံ ရှင်းလင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ်စာရေးအသင်း ဆရာအသင်းနာယက ဆရာတော် အရှင်ရာဇဓမ္မက ဩဝါဒစကားများမိန်ကြားတော်မှုခဲ့ပြီး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ၂၀၂၂ ခုနှစ်၊ မေ ၂၁ နှင့် ၂၂ ရက်တွင် ကျင်းပခဲ့သည့်တတိယအကြိမ် ညီလာခံတတ် ရောက်ခဲ့သည့် အတွေ့အကြုံများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မြို့နယ်စာရေးအသင်း ဆရာအသင်းနာယက ဆရာတော်က အလှူငွေ တစ်သိန်းကျပ်နှင့် ဘဝနှင့်ဓမ္မစာအုပ်များကို မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူဝါသနာရှင်များထံ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သန့်ဇင်စိုး