ရွှေကျင်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ရွှေကျင် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဲစုအောင်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ  အသိပညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ရွှေကျင်မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ပြုံးပြုံးရီက ၂၀၁၉ ခုနှစ်ထုတ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းများ၊ အသက်(၈၅)နှစ်အထက် အဖိုး/အဖွားများအား ထောက်ပံ့ငွေပေးမှု အကြောင်းများ၊ မိခင်တိုင်းဆောင်ရွက်မှုများ၊ မသန်စွမ်းများအား ထောက်ပံ့မှုအကြောင်းများနှင့် ဟောပြောပွဲများ ဆောင်ရွက်နေမှု အကြောင်းအရာများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်