ကြံခင်းမြို့နယ် (အ.ထ.က) ချင်းမြောင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

ကြံခင်း ဇွန် ၇

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန  ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှနိုင်ငံတော်အတွက် ထူးချွန်ထက်မြတ်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်၊ အားကစားကဏ္ဍဖွံဖြိုးတိုးတတ်စေရန် ရည်ရွယ်ပြီးလူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက (အ.ထ.က) ချင်းမြောင်ကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ (နည်းစနစ်မှူး)ဒေါ်ခင်မိုးဝါက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောပြီးနောက်  (အ.ထ.က) ချင်းမြောင်ကျောင်းအုပ်ဆရာမ ဒေါ်အေးအေးမင်းအား   အားကစားဝတ်စုံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်ရေးရာဟောပြောပွဲသို့ (အ.ထ.က)ချင်းမြောင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမင်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ(၂၀၅)ဦး တတ်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)