ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၏ သား၊ သမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်

စစ်တွေ    ဇွန်  ၄

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးဝန်ထမ်းများ၏သား၊ သမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ်အစိုးရအဖွဲ့၏ ကြီးလေးသည့်တာဝန်များကို ကျေပွန်အောင် ကြိုးစားထမ်းဆောင်နေကြသော မိမိတို့ရုံး ဝန်ထမ်းများ၏ ရင်သွေးငယ်များကို ပညာတတ်ကြီးများဖြစ်အောင် ပြုစုပျိုးထောင်ရာတွင် တစ်ဖက်တစ်လမ်းက အထောက် အပံ့ဖြစ်စေရန် ယခုကဲ့သို့ ချီးမြှောက်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ မျိုးဆက်သစ် ရင်သွေးငယ်များ ငြိမ်းချမ်းစွာ ပညာသင်ကြားနိုင်ရေးနှင့် ပညာပြည့်ဝစွာ သင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို အစိုးရအနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိဘများအနေဖြင့်လည်း မိမိတို့မျိုးဆက်သစ်ရင်းသွေးငယ်များ ပညာကိုဆုံးခန်းတိုင်သင်ယူခွင့်ရရှိအောင် ကြိုးစား သင်ပေးကြရမည်ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသ များအား ပညာသင်စရိတ်ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝန်ထမ်းများ၏ သား၊ သမီးများဖြစ်ကြသည့် မူကြို ကျောင်းသားမှ တက္ကသိုလ်အဆင့်အထိ ကျောင်းသား၊ ကျောင်းသူ ၁၀၇ ဦးအတွက် ပညာသင်ကြားရေးတွင် အထောက်အပံ့ဖြစ်စေရန် ငွေကျပ် ၃၉၉၅၀၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်း