လွိုင်ကော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဆွေးနွေးပွဲပြုလုပ်

လွိုင်ကော်  ဇွန် 

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကျေးရွာတောင်သူများအား တောင်သူများ ဘက်စုံအဆင့်မြင့်နည်းပညာသုံး တောင်သူနည်းပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် ကယားပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက တောင်သူများအား စိုက်ပျိုးရေးနည်းပညာများနှင့်ပတ်သက်ပြီး လိုအပ်ချက်များအား ရှင်းလင်းပြောကြားပြီး တောင်သူများမှ သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးရာ ပြည်နယ်ဦးစီးမှူးမှ ရှင်းလင်းဖြေကြား ပေးခဲ့သည်။

ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်၊ မြို့နယ် ဦးစီးမှူးတို့က နိုးကိုးကျေးရွာအုပ်စု ဆော်ခီးဒေါကျေးရွာ စိုက်ပျိုးရေးတောင်သူများအား မျိုးစေ့နှင့် ဓာတ်မြေ သြဇာများအားကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)