ယင်းမာပင်မြို့ အ​ခြေခံပညာ​ကျောင်းများတွင် ​ကျောင်းသား​ကျောင်းသူများ ​​ပညာသင်ကြား

ယင်းမာပင် ဇွန် ၃

၂၀၂၂၂-၂၀၂၃ပညာသင်နှစ်တွင် အ​ခြေခံပညာ​ကျောင်းများ စတင်ဖွင့်လှစ်ခဲ့ပြဖြစ်ရာ စစ်ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ရှိ အ​ခြေခံပညာ​ကျောင်းများလည်း ယမန်​နေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ကျောင်းသားကျောင်းသူများသည်အေးချမ်းစွာပညာသင်ကြားလျက်ရှိ​ကြောင်း သိရသည်။

ထိုသို့ အ​ခြေခံပညာ​ကျောင်းများတွင်ကျောင်းသား​ကျောင်သူများ​အေးချမ်းစွာပညာသင်ကြားနိုင်​ရေးအတွက် ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်း​မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​ရေးဌာနမှ တာဝန်ရှိသူများကကျောင်းများကို လိုက်လံကြည့်ရှုစစ်​ဆေးပြီးကျောင်းသား​ကျောင်းသူများကို လိုက်လံအား​ပေးစကား​ပြောကြားကာ လိုအပ်သည်များ​ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

(အေး​အေးစိုး)