ကျိုက်မရော ဇွန် ၃
ပြည်သူလူထုများအနေဖြင့် သစ်တောသစ်ပင်များကို ချစ်ခင်မြတ်နိုးတတ်ပြီး သစ်တော သစ်ပင်များကို ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသိပညာပေး Talk-Show ကိုယနေ့နံနက် ၁၀ နာရီက လူထု အခြေပြူဗဟိုဌာန၊ (Community-Centre)ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက (Talk-Show)ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်သစ်တော ဦးစီးအရာရှိ ဦးအောင်မင်းသူက ဇွန်လ၆ ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပါတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ပတ်သက်သည့် အချက်အလက်များကို ရှင်းလင်းဆွေးနွေးရာတွင် ကမ္ဘာ့သစ်တော ဖုံးလွှမ်းမှု အခြေအနေမှာတစ်နေ့တစ်ခြား လျော့နည်းလာကြောင်း၂၀၂၀ခု နှစ်အထိ တိုင်းတာချက်များအရ ၄၁.၁၉ ရာခိုင်နှုန်းအထိ လျော့နည်းလာပြီးဖြစ်ကြောင်း ဒေသခံပြည်သူများအနေဖြင့် သစ်တော သစ်ပင်များကို ချစ်ခင်မြတ်နိုးတတ်လာစေပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုပူးပေါင်း ပါဝင် လာစေရန်အတွက် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲများကို ပြုလုပ်ပေးလျက်ရှိပြီးလာမည့် ဇွန်လ ၆ရက်နေ့တွင်လည်း အမြင့်နှစ်ပေအထက်ရှိ အရိပ်ရ နှစ်ရှည်အပင်များသည် မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ မဟော်ဂနီစသည့် အပင်(၇၀၀) ကိုဒေသခံ ပြည်သူလုထု၊ အစုအဖွဲ့များနှင့် ပူးပေါင်းကာ၊ အမှတ်(၈) သစ်တောထိန်းသိမ်းရေးကြိုး ဝိုင်းဧရိယာအတွင်း စုပေါင်း စိုက်ပျိုးပေးသွားမှာဖြစ်ကြောင်း သစ်ပင်များ စိုက်ပျိုးခြင်းဖြင့် ကမ္ဘာ့ပတ်ဝန်းကျင်စိမ်းလမ်းစို ပြေလာပြီး ရာသီဥတုအပူဒဏ်ကိုလည်း ခံနိုင်မှာဖြစ်ကာ သစ်တော သစ်ပင်များကို စိုက်ပျိုးတတ်လာ စေပြီးလူထုအနေဖြင့် သစ်ပင်သစ်တော၏တန်ဖိုးကို သိရှိ နားလည်လာစေရန် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရေးအတွက် ပြည်သူလုထုပူးပေါင်းပါဝင် တတ်စေရန်ယခုလို အသိပညာပေး ဆွေးနွေးပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မင်းသူက ပညာ ပေးဆွေးနွေးခဲ့သည်။
ယနေ့ပြုလုပ်သော Talk-Show ဆွေးနွေးပွဲ အစီအစဉ်ကို We.love kyaikmaraw facebook page စာမျက်နှာတွင် တိုက်ရိုက်ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)