ပျဉ်းမနား ဇွန် ၃
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား စာအုပ်စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်စေရန်နှင့် မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းနိုင်မှုမရှိကြသည့် ရပ်ကွက်/ကျေးရွာများသို့ ရွေ့လျားစာကြည့် တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက တောင်သာရပ်ကွက်နှင့်အမှတ်(၄)၊ အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။
ကိုဗစ်-၁၉ ရောဂါကြောင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက် ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ယာယီရပ်နားထားရာမှ ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွါးမှုနှုန်း လျော့နည်းကျဆင်းလာပြီဖြစ်သောကြောင့် ရပ်ကွက်/ကျေးရွာများနှင့် စာသင်ကျောင်းများ အရောက် လိုက်လံငှားရမ်းပေးနေခြင်းဖြစ်ပြီး မြို့နယ်ပြည်သူ့ စာကြည့်တိုက်တွင်လည်း မည်သူမဆို အခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်းသိရသည်။
အဆိုပါရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်၌ သုတ/ရသစာအုပ်(၂၀၀၀) ကျော် ပါရှိပြီး ယခုငှားရမ်းပေးခဲ့သောစာအုပ်များကို ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်းကျော်(မြို့နယ်ပြန်/ဆက်)