စစ်ကိုင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြား

စစ်ကိုင်း ဇွန် ၃

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများအားလုံး နိုင်ငံတစ်ဝန်း၌ ဇွန်(၂)ရက်နေ့က စတင်၍ ကျောင်းများဖွင့်လှစ်ခဲ့ပြီး အေးချမ်းစွာပညာသင်ကြားလျက်ရှိရာ စစ်ကိုင်းမြို့ ရှိအခြေခံပညာကျောင်းများတွင်လည်း ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်းသိရသည်။

ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များ၏ အနီးကပ်ကြီးကြပ်မှုနဲ့အတူ သက်ဆိုင်ရာဌာနများ၊ လူမှုရေးအသင်းအဖွဲ့များက လုံခြုံရေး၊ ကျန်းမာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးလျက်ရှိ သည်။

စစ်ကိုင်းမြို့တွင် အခြေခံပညာကျောင်းပေါင်း (၁၀၄)ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၁၂၁၀၄)ဦး တက်ရောက်ခဲ့ကြပြီး ယခင်နှစ်ကထက် ကျောင်းသားဦးရေပိုမို တက်ရောက်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးစာရင်းများအရ သိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)