ပန်းတောင်း ဇွန် ၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ ရွာသစ်ကျေးရွာတွင် Crash For Work စီမံကိန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်းမြေနေရာအား ယမန်နေ့နံက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းသန်းဇော်နှင့် ဝန်ထမ်းများအဖွဲ့သည် ရွာသစ်ကျေးရွာတွင် Crash For Work စီမံကိန်းဖြင့် ဆောင်ရွက်မည့် လုပ်ငန်များအား ဆောင်ရွက်မည့် မြေနေရာအားကြည့်ရှု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးထွန်းသန်းဇော်အား ဆောင်ရွက်မည့်လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)