သနပ်ပင်မြို့နယ်၌ အသက် (၅) နှစ်မှ (၁၂) နှစ်အတွင်း ကျောင်းသား/ကျောင်းသူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး

သနပ်ပင် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ ရောဂါ အန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အပြည့်အဝ ထိုးနှံနိုင်ရန် KG မှ Grade 5 အထိ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးခြင်းအား သနပ်ပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းထက် ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာ/ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍  ယ‌နေ့နံနက်ပိုင်းက အထက(တောင်ဘက်ကမ်း)၊ အထက (သနပ်ပင်) ကျောင်းများ၌ ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သနပ်ပင်မြို့နယ်အတွင်းရှိ အသက် (၅) နှစ်မှ (၁၂) နှစ်အထိ ကျောင်းသား (၁၂၆)ဦး၊  ကျောင်းသူ(၁၁၄)ဦး၊  စုစုပေါင်း‌ (၂၄၀)ဦးအား သက်ဆိုင်ရာ ကျောင်းများတွင် စုရပ်များပြုလုပ်ပြီး ဌာနဆိုင်ရာများ၊ Volunteer များ၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်းကာ ထိုးနှံပေးနေကြောင်း သိရသည်။

လှမိုး(ပြန်/ဆက်)