ရေဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ချိန် ကျောင်းသားများ ဘေးအန္တရာယ်ကင်းစွာ စာသင်ကြားနိုင်ရေး ကြည့်ရှုစစ်ဆေး

ရေဦး ဇွန် ၃

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်စာသင်ကြားပေးနေပြီဖြစ်ရာ ယမန်နေ့နံနက်ပိုင်းက စာသင်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

စာသင်ကျောင်းများ ဖွင့်လှစ်စာသင်ကြားရာတွင် ကျောင်းသားကျောင်းသူများ စာသင်ကြားနေမှု ဘေးအန္တရာယ်ကင်းရှင်း‌စေရေး ကွင်းဆင်းစစ်ဆေးရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ စခန်းမှုးဒုရဲမှုး ကျော်ဇေလတ်နှင့် နယ်မြေလုံခြုံရေး တာ၀န်ရှိသူများလိုက်ပါပြီး အ၊ ထ၊ က (၁)၊ အထက(၂)၊ အောင်ချမ်းသာ အ၊ မ၊ က ( မူလွန် ) ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

“ ရေဦးမြို့နယ်တွင် ယခင်နှစ်ကဖွင့်လှစ်နိုင်ခဲ့သည့် အခြေခံပညာကျောင်းပေါင်း ၁၄ ကျောင်းဖွင့်လှစ်နိုင်ရန် လျာထားကြောင်းနှင့်လတ်တလောဖွင့်လှစ်ထားသည့်‌ စာသင်ကျောင်း ၇ ကျောင်းဖွင့်နိုင်ခဲ့ပြီး  ကျောင်းအပ်နှံထားသူဦး‌ရေ ၅၁၃ ဦး၊ တက်ရောက်ကျောင်းသားဦးရေ  ၅၁၃ ဦးရှိကြောင်း၊  မြို့နယ်တွင်းအခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်စာသင်ကြားနေပြီဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းအပ်နှံခြင်း မပြုကြရသေးသည့် ကျောင်းသားများအတွက်လည်း မိဘဆရာပူးပေါင်းညှိနှိုင်း၍ ပညာရေး၀န်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ ကျောင်းအပ်မည်ဆိုပါက   လက်ခံဆောင်ရွက်ပေးသွားမည်  ” ဟု မြို့နယ်ပညာရေးမှုးက ပြောသည်။

သန်းသန်း (ပြန်/ဆက်)