ရွှေတောင်မြို့နယ်တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှု

ရွှေတောင် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မင်းကွန်းကျေးရွာ ကွင်းအမှတ် ( ၄၂၂ A) ရှိတောင်သူ ( ၁၆) ဦး စိုက်ပျိုးလုပ်ကိုင် လျက်ရှိသည့် မိုးစပါးစိုက်ဧက (၅၀) ဧက၌ (၉-၅-၂၀၂၂) ရက်နေ့တွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးထားရှိမှု အပေါ်အပင် ဖြစ်ထွန်းနေမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများမှ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးမှုနှင့် အကျိုးသက်ရောက်မှု အခြေအနေများအား ဒေသတွင်းရှိတောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး ဆောင်ရွက်သည့်အစီအမံများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ တင်ပြမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ မိမိတို့မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များနှင့်အညီ တွန်းအားပေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)