စလင်း ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများနှင့် ရေရရှိရေး လုပ်ငန်းများ၏ တင်ဒါရှင်းလင်းပွဲကို ယနေ့နံနက် (၉) နာရီ ခွဲအချိန်က ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမဆောင်တွင် လုပ်ငန်းဆောင်ရွက်မည့် ကျေးရွာမှပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါအခန်းအနားတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင် တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးခိုင်မှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်းများဖြစ်သည့် ကျေးရွာကုန်ထုတ်လမ်း၊ ပန်းပြင်ကျေးရွာ ကုန်ထုတ်လမ်း၊ မြေနီကျောက်စရစ် ခင်းခြင်း၊ ကွန်ကရစ်တံတား (၁) စင်းနှင့် Pipe Culvent (၄) စင်း တည်ဆောက်ခြင်းများ၊ စလင်းမြောင်းမကြီး လက်တံ(၂) ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်း၊ ရေရရှိရေး လုပ်ငန်းများဖြစ်သည့် ပေါက်ခြုံကျေးရွာ စက်ရေတွင်းတူးဖော်ခြင်း ၄" အကျယ် G1 အကျယ် G (၆၀၀) ပေစက်ရေတွင်းတူးဖော်ခြင်း၊ (၁၀' ၈' ၈') ရေစက်ရုံ တည်ဆောက်ခြင်း၊ ဂါလံ (၂၄၀၀) ဆံ့ ရေစင်တည်ဆောက်ခြင်း၊ ကဒါန်းကျေးရွာစက်ရေတွင်းဖော်ခြင်း ၄" အကျယ် G1 (၆၀၀) စက်ရေတွင်းတူးဖော်ခြင်း၊ အင်ဂျင်နှင့်ပန့်တပ်ဆင်ခြင်း၊ (၁၀'၈'၈') ရေစက်ရုံတည်ဆောက်ခြင်း ဂါလံ (၂၄၀၀) ဆံ ရေစင်တည်ဆောက်ခြင်း လုပ်ငန်းများကို ပြည်ထောင်စုရန်ပုံငွေများဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး တင်ဒါအောင်ကုမ္ပဏီမှလည်း အရည်အသွေးပြည့်မီသည့် လမ်း၊ တံတားနှင့် ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီပြီးစီးရေး အရည်အသွေးကောင်းမွန်မှသာလျှင် ရေရှည်အသုံးပြုနိုင်ပြီး မိမိတို့၏ကုမ္ပဏီမှလည်း အကျိုးဖြစ်ထွန်းရေရှည် လက်တွဲ ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် တော်ဝင်ထွန်းကုမ္ပဏီနှင့် Magway. S. Three ကုမ္ပဏီတို့မှ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော သက်ဆိုင်ရာကျေးရွာ ကော်မတီဝင်များမှလည်း သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိကုမ္ပဏီများမှ ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်