အမာ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)အထိ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက် (၁၀)နာရီအချိန်မှ စ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် မိဘများ၏ သဘောတူခွင့်ပြုချက်ဖြင့် ထိုးနှံပေးခြင်းဖြစ်ပြီး မူလတန်းအဆင့် ကျောင်းသား (၁၀၁)ဦး၊ ကျောင်းသူ (၆၉)ဦး၊ စုစုပေါင်း (၁၇၀)ဦးကို ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုကို အဆင်ပြေချောမွေ့စေရေး အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့မှ လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အမာ(ပြန်/ဆက်)