ရေတာရှည်မြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရေတာရှည် ဇွန်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်တွင်  အသက်(၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။

ရေတာရှည်မြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ​ကျောင်းများအား ဇွန်လ ၂ ရက်​နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသက် (၅)နှစ်မှ (၁၂)နှစ် အတွင်းရှိ  ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်​ဆေးထိုးနှံပေးရန်အတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးရန်အတွက် ဌာနဆိုင်ရာ တာဝန်ရှိသူများက အဖွဲ့ (၂၃)ဖွဲ့ဖြင့် အခြေခံပညာကျောင်းများသို့  သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက လိုက်လံ ကြည့်ရှုအားပေးစကား ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်​ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များအား ပေါင်းစပ်ကူညီ ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)