မြောက်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း(၂၄၅)ကျောင်းအား စတင်ဖွင့်လှစ်သင်ကြား

မြောက်ဦး ဇွန် ၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီမှစတင်၍ အခြေခံပညာကျောင်းပေါင်း(၂၄၅)ကျောင်းအား စတင်ဖွင့်လှစ် သင်ကြားပြသပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပို့ချရာတွင်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျောင်းသား၊ ကျောင်းသူများကို  ဆရာ၊ ဆရာမများမှ သင်ခန်းစာများအား သင်ကြားပို့ချပြသပေးခြင်း အစရှိသည့် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း (၇၅)ကျောင်း၊ မူလွန်(၆၆)ကျောင်း၊ အမကခွဲ(၂၂)ကျောင်း၊ အလယ်တန်း(၁၄)ကျောင်း၊ အလကခွဲ(၃၆)ကျောင်း၊ အထက်တန်း(၁၁)ကျောင်းနှင့်အထကခွဲ(၂၁)ကျောင်း စုစုပေါင်း အခြေခံ ပညာကျောင်း(၂၄၅)အား စတင်ဖွင့်လှစ်သင်ကြားပြသပေးလျက်ရှိရာ ကျောင်းစတင်ဖွင့်လှစ်ပညာ သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျောင်းသား/ကျောင်းသူများကိုလည်း ဆက်လက်၍ ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)