တောင်တွင်းကြီး ဇွန် ၂
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့နံနက် (၉) နာရီက စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြင့် ပညာသင်ကြားလျက်ရှိပြီး အ.ထ.က(၁)၊ အ.ထ.က(၂)၊ အ.ထ.က(၄) ကျောင်းများသို့ တောင်တွင်းကြီးတပ်နယ်မှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
တောင်တွင်းကြီးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၃)ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(၁၅)ကျောင်းအလယ်တန်းကျောင်း (၂၆) ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၃၃)ကျောင်း၊ မူလတန်းလွန်ကျောင်း(၄၃) ကျောင်း၊ မူလတန်းကျောင်း (၁၁၀) ကျောင်း၊ အမကခွဲ(၁၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်း စုစုပေါင်း (၂၅၉)ကျောင်းရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၉၆၂၆)ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
နိုင်ဝင်း