မုဒုံမြို့၌ လေဘေးသင့်ပြည်သူ အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

မုဒုံ     ဇွန်   ၂

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဝဲကလိကျေးရွာအရှေ့ပိုင်းတွင် မေလ ၂၀ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်မှုကြောင့် ပျတ်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု (၁၂)စုအတွက် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့​ငွေများကို ယနေ့နံနက် ၁၀ နာရီကတာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးတင့်ဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးနှင့် တာဝန်ရှိသူများက  အဆိုပါကျေးရွာရှိ လေဘေးသင့် အိမ်ထောင်စု (၁၂)စု၊ လူဦးရေ (၅၂)ဦး တို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ အိမ်တစ်လုံးလျှင် (၅၀၀၀၀)ကျပ်နှုန်းဖြင့် (၆၀၀၀၀၀)ကိုလည်းကောင်း၊ (၇)ရက်စာဆန်ဖိုးငွေ (၁၀၉၂၀၀)ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၇၀၉၂၀၀) ကျပ်အား ပြည်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ